Home
အားကစား
အင်္ဂလန်အိုးပန်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တရုတ်နိုင်ငံသား ရှီယူကျီး ဗိုလ်စွဲ
DVB
·
March 17, 2025

အင်္ဂလန်အိုးပန်း ကြက်တောင်ရိုက်ပြိုင်ပွဲမှာ အမျိုးသားပွဲစဉ်မှာ တရုတ်နိုင်ငံသား ရှီယူကျီးက ထိုင်ဝမ်နိုင်ငံသား လီချိုင်းဟောင်ကို အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

မတ် ၁၆ ရက်က All England Open ချန်ပီယံ ဖိုင်နယ်ပွဲစဉ်တွေကို အင်္ဂလန်နိုင်ငံ ဘာမင်ဟမ်မှာ ကျင်းပခဲ့တာပါ။

အမျိုးသား တယောက်ချင်း ဖိုင်နယ်ပွဲစဉ်မှာ ရှီက ၅၁ မိနစ်အတွင်း ၂၁-၁၇၊ ၂၁-၁၉ ရမှတ်တွေနဲ့ ၂ ပွဲစလုံး အနိုင်ရပြီး ချန်ပီယံဖြစ်သွားခဲ့တာပါ။

အမျိုးသမီးတယောက်ချင်း ကြက်တောင်ရိုက် ပြိုင်ပွဲမှာတော့ တောင်ကိုရီးယား ကြက်တောင်မယ် အန်းစီရမ်းက အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

အန်းဟာ တရုတ်ကြက်တောင်မယ် ဝမ်ဇီရီကို ၃ ပွဲအထိ ၉၅ မိနစ်အကြာ ကစားပြီးမှ အနိုင်ရရှိခဲ့တာပါ။

အမျိုးသမီး ၂ ယောက်တွဲ ပြိုင်ပွဲမှာတော့ ဂျပန်ကြက်တောင်မယ် နာမီ မက်ဆုရာမနဲ့ ချီဟာရု ရှီဒါတို့ အတွဲက ယုကီ ဖူကူရှီးမာနဲ့ မာရု မတ်ဆုမိုတိုတို့ အတွဲကို ၃ ပွဲအထိ ယှဉ်ပြိုင်ကစားခဲ့ရပြီး အနိုင်ရခဲ့ပါတယ်။

အမျိုးသား ၂ ယောက်တွဲ ဖိုင်နယ်ပွဲစဉ်မှာတော့ တောင်ကိုရီးယားက ကင်မ်ဝန်ဟိုနဲ့ ဆောင်ဆန်ဂျေ တို့အတွဲက အင်ဒိုကစားသမား လီယိုရိုလီကာနာတိုနဲ့ ဘာဂတ်စ် မော်လာနာတို့ကို နှစ်ပွဲဆက် အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
အမျိုးသမီး၊ အမျိုးသား နှစ်ယောက်တွဲ  Mix Double ပွဲစဉ်မှာတော့ စောဂူရှင်ဝါနဲ့ ချမ် ဖန်ဂူအီတို့က အနိုင်ရရှိသွားပါတယ်။

Source : Reuters

အင်္ဂလန်
တရုတ်နိုင်ငံသား
ကြက်တောင်ရိုက်
ရှီယူကျီး
All England Open

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013