Home
မြန်မာသတင်း
အမျိုးသမီးအလုပ်သမားထု၏ တောင်းဆိုချက်များကို Sisters 2 Sisters ထောက်ခံ
DVB
·
March 9, 2025

မတ် ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အထည်ချုပ်လုပ်ငန်းခွင်တွေက အမျိုးသမီးအလုပ်သမားထုရဲ့ အမျိုးသမီးများနေ့ ကမ်ပိန်းတခုဖြစ်တဲ့ ရာသီသွေးတရားမျှတမှုဆိုင်ရာ တောင်းဆိုချက် ၆ ချက်ကို ထောက်ခံပြီး အတူတကွ ရပ်တည်နေတယ်လို့ Sisters 2 Sisters အမျိုးသမီးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

Sisters 2 Sisters အနေနဲ့ မြန်မာပြည် အလုပ်သမားအမျိုးသမီးတွေရဲ့ သမိုင်းကြောင်းဖြတ်သန်းမှု၊ ရဲရင့်မှုနဲ့ ဦးဆောင်မှုတွေကို ဂုဏ်ပြုဖော်ပြချင်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးအလုပ်သမားထုရဲ့ တောင်းဆိုချက်တွေကတော့ အဆမတန်မြင့်တက်လာတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းဈေးနှုန်းဟာ အလုပ်သမားအမျိုးသမီးတွေအတွက် အခက်အခဲတခုလို ဖြစ်လာတဲ့အတွက် လုပ်ငန်းခွင်မှာ ဓမ္မတာလာစဉ်အသုံးပြုရတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို အခမဲ့ထားရှိပေးဖို့ (သို့မဟုတ်) လစဉ်သုံးပစ္စည်းစရိတ်ကို ဘောနပ်စ်အနေနဲ့ လစာထပ်ဆောင်း တွက်ချက်ပေးဖို့၊ အမျိုးသမီးအလုပ်သမားတွေကို ဓမ္မတာလာစဉ်ကာလတွေမှာ လစာအပြည့်နဲ့ ခွင့်ရက်ပေးဖို့၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ ဓမ္မတာလာစဉ်ကာလတွေမှာ အလုပ်ဝန်လျှော့ပေါ့ပေးဖို့၊ လုပ်ငန်းခွင်အတွင်း အမျိုးသမီးအလုပ်သမားတွေကို လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့၊ သန္ဓေတားသားဆက်ခြားဖို့ လိုအပ်ချက်အတွက် အပိုလစေထပ်ဆောင်းပေးဖို့၊ အိမ်သာတွေ၊ သောက်ရေ၊ လက်ဆေးဆပ်ပြာနဲ့ လစဉ်သုံးစွန့်ပစ်ပစ္စည်း အမှိုက်ပုံတွေကို သန့်ရှင်းမှုရှိနေစေရေး လုပ်ဆောင်ပေးဖို့ ဆိုတဲ့ အချက် ၆ ကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ Womens Committee FGWM ကလည်း မတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီးအလုပ်သမားထုရဲ့ တောင်းဆိုချက် ၆ ချက်ကို အွန်လိုင်းကမ်ပိန်းပြုလုပ် တောင်းဆိုခဲ့ကြပါသေးတယ်။

Photo - Federation of General Workers Myanmar - FGWM

အမျိုးသမီး
အမျိုးသမီးများနေ့
အထည်ချုပ်
Sisters 2 Sisters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013