Home
အနုပညာ
ဒါရိုက်တာဖေမောင်စိမ်းကို ဂုဏ်ပြုသည့်ရုပ်ရှင် လန်ဒန်တွင်ပြသ
DVB
·
January 24, 2025

ဒါရိုက်တာ သည်မောင်နိုင်နဲ့ ဖေမောင်စိမ်းတို့ ရိုက်ကူးထားတဲ့ နာဂစ်ရုပ်ရှင်ကို ဇန်နဝါရီ ၂၃ ရက်ကစပြီး လန်ဒန်မြို့မှာ ပြသနေတယ်လို့ ရုပ်ရှင်ပွဲတော်က ထုတ်ပြန်ထားပါတယ်။

ဒီရုပ်ရှင်ပြသမှုဟာ ဒါရိုက်တာဖေမောင်စိမ်းကို မမေ့လျော့တဲ့ ဂုဏ်ပြုချီးမြှောက်မှုတခုလို့ ဆိုပါတယ်။

ရုပ်ရှင်ပွဲမှာ လှူဒါန်းတဲ့ အလှူငွေတွေကို ဖေမောင်စိမ်း အထိမ်းအမှတ် ရုပ်ရှင်ရန်ပုံငွေအဖွဲ့ကို တိုက်ရိုက်လှူဒါန်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် CDM ဝန်ထမ်းတွေ ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းရောင်းချငွေထဲကနေ ကုန်ကျစရိတ်ကိုနုတ်ပြီး ကျန်ငွေကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို လှူဒါန်းမယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီရုပ်ရှင်ပွဲမှာ လွိုင်ကော်ထောင်က အကျဉ်းသားတွေ ရေးသားထားကြတဲ့ ဗူးဝရသစာတမ်းငယ်ကိုလည်း မိတ်ဆက်ဖြန့်ဝေခဲ့ပါတယ်။

ဖေမောင်စိမ်းဟာ ၂၀၂၂ ခုနှစ် မေ ၂၈ ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက သူ့ကို တရားစွဲဆို ထောင်ချခဲ့ပါတယ်။

လွိုင်ကော်အကျဥ်းထောင်မှာ တီဘီရောဂါကူးစက်ခဲ့ပြီး‌ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရခဲ့တာကြောင့် ထောင်ကလွတ်ပြီး ရက်ပိုင်းအကြာမှာ ကွယ်လွန်ခဲ့ပါတယ်။

dvb
လန်ဒန်
ဖေမောင်စိမ်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013