Home
အားကစား
၁၄ နှစ်အရွယ် အိုဒီဂတ်လက်သစ် ကစားသမားကို အာဆင်နယ် ခေါ်ယူလေ့ကျင့်
DVB
·
December 4, 2024

အာဆင်နယ်အသင်းဟာ အကယ်ဒမီအသင်းက အသက် ၁၄ နှစ်အရွယ် ကစားသမားကို စီနီယာအသင်းကြီးနဲ့အတူ ပူးပေါင်းလေ့ကျင့်စေခဲ့ပါတယ်။

မက်ဒေါ်မန်လို့ ခေါ်တဲ့ ၁၄ နှစ်အရွယ် လူငယ်ကစားသမားဟာ အရပ် ၅ ပေ ၇ လက်မ အမြင့်ရှိပြီး သူ့ရဲ့အသက်အရွယ်ထက် ပိုမို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိသူပါ။

အသင်းခေါင်းဆောင် အိုဒီဂတ်လို ကစားဟန်ရှိတာကြောင့် အိုဒီဂတ်လက်သစ်လို့လည်း ခေါ်ကြပြီး အင်္ဂလန် ယူ-၁၇ လက်ရွေးစင်အသင်းမှာလည်း ပါဝင်နေသူပါ။

စပို့တင်းလစ္စဘွန်း ယူ-၁၉ နဲ့ ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ လူငယ်လိဂ်မှာ မက်ဒေါ်မန်က အိုဒီဂတ်လိုမျိုး အသင်းရဲ့ ကွင်းလယ်ညာခြမ်းမှာ ပွဲထွက်ကစားခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာ ၃၁ ရက်မှာ ၁၅ နှစ်ပြည့်မယ့် မက်ဒေါ်မန်ကို တခြား ပရီးမီးယားလိဂ် အသင်းတွေကလည်း ခေါ်ယူဖို့ ကြိုးပမ်းမှုတွေရှိနေတယ်လို့ သိရပါတယ်။

Photo: Reuters

dvb
ကစားသမား
အာဆင်နယ်
အိုဒီဂတ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013