Home
အားကစား
ပဲရစ် မာစတာတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၂ ဇဗဲရပ်ဗ် အနိုင်ရဗိုလ်စွဲ
DVB
·
November 5, 2024

ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲကြီးမှာ ဂျာမနီနိုင်ငံသားတင်းနစ်သမား အလက်ဇန္ဒြားဗဲရပ်ဗ်က ပြင်သစ်ကစားသမား ယူဂိုဟမ်းဘတ်ကို ၆-၂၊ ၆-၂ ရလဒ်နဲ့  ၂ ပွဲဆက်အနိုင်ယူကာ ချန်ပီယံဖြစ်လာခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့အဆင့် ၂ နေရာ တက်လှမ်းလာနိုင်ခဲ့တဲ့ ဇဗဲရပ်ဗ်အတွက် ပထမဆုံးသော ပဲရစ်မာစတာချန်ပီယံဆုဖြစ်သလို ATP 1000 အဆင့်ပြိုင်ပွဲတွေမှာ ၇ ကြိမ်မြောက် အောင်မြင်မှုရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

အဲဒီ ၂ ယောက်စလုံးဟာ တနှစ်တာအတွင်း စတုတ္ထမြောက် ဖိုင်နယ်ပွဲစဉ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ဇဗဲရပ်ဗ်ကတော့ ၆၆ ပွဲနဲ့  ဒီနှစ်ရဲ့  နိုင်ပွဲအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

အခုလိုမျိုး ကမ္ဘာ့အဆင့်ရပ်တည်ချက်မှာ ရမှတ်-၁၀၀၀ ပေါင်းထည့်နိုင်ခဲ့တဲ့အတွက် အသက် ၂၇ နှစ်အရွယ် ဇဗဲရပ်ဗ်က စပိန်နိုင်ငံသား အယ်ကာရက်ဇ်ကို ကျော်လွန်ကာ အဆင့် ၂ နေရာဆီ ပြန်ရောက်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ဇွန်လတုန်းက ပြင်သစ်အိုးပင်း ဖိုင်နယ်ပွဲစဉ်မှာတော့ အယ်ကာရက်ဇ်ကို ဇဗဲရပ်ဗ် အနေနဲ့ အရှုံးပေးခဲ့ရဖူးပါတယ်။

အသက် ၂၆ နှစ် အရွယ် ဟမ်းဘတ်ကလည်း ၁၃ နှစ်တာအတွင်း ပဲရစ်ဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တဲ့ အိမ်ရှင်နိုင်ငံသားတယောက် ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၁၈ နေရာမှာရှိနေတဲ့ ဟမ်းဘတ်က " ဒီပွဲစဉ်တွေကိုကြည့်ဖို့ ကလေးတယောက် အနေနဲ့ ရောက်လာခဲ့ဖူးပါတယ်။ ကျနော်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာခဲ့တဲ့အပြင် ဖိုင်နယ်အဆင့်အထိပါ တက်ရောက်နိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်"လို့ မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် လာမယ့် နိုဝင်ဘာ ၁၀ ရက်ကနေ ၁၇ ရက်အထိ အီတလီနိုင်ငံ တူရင်မြို့မှာ ထိပ်တန်းကစားမားတွေသာ ပါဝင်နိုင်မယ့် ATP Finals ပြိုင်ပွဲကြီးကို ရာသီအပိတ် အဖြစ် ကျင်းပဖို့ ရှိနေပါတယ်။

dvb
ပဲရစ်
မာစတာတင်းနစ်ပြိုင်ပွဲ
အလက်ဇန္ဒြားဗဲရပ်ဗ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013