Home
အားကစား
မီတာ ၁၈၀  နှစ်ယောက်တွဲ တွယ်တက်ပြိုင်ပွဲတွင် ဩဇီအဖွဲ့ ချန်ပီယံဖြစ်
DVB
·
November 3, 2024

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ 2024 Red Bull Dual Ascent တွယ်တက်ပြိုင်ပွဲမှာ  ဩစတြေးလျနိုင်ငံက နှစ်ယောက်တွဲအဖွဲ့ ဖြစ်တဲ့ ဂျက်ဆီကာ ပစ်ဇ်နဲ့ ဂျက်ကော့ဗ် ရှူးဘာ့တ်တို့က အနိုင်ရပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။  

ဗာဇက်စကာဆည်ကြီးရဲ့နံရံမှာ တပ်ဆင်ပေးထားတဲ့ အလွယ်တကူ လက်လှမ်းမမီနိုင်တဲ့ ပလတ်စတစ် အဖုအထစ်တွေကို လှမ်းခိုတက်ရတာပြီး နှစ်ယောက်တွဲ တွယ်တက်ပြိုင်ပွဲကတော့ မီတာ ၁၈၀ အမြင့်ကို အပိုင်း ၆ ပိုင်း တက်ရပါတယ်။

ပစ်ဇ်နဲ့ ရှူးဘာ့တ်ဟာ ၂၀၂၄ ပါရီအိုလံပစ်မှာလည်း အမျိုးသားနဲ့ အမျိုးသမီး တောင်တက်ပြိုင်ပွဲတွေမှာ ကြေးတံဆိပ် ကိုယ်စီရထားသူတွေ ဖြစ်ပါတယ်။ 

အိမ်ရှင်ဆွစ်ဇာလန်က အန်ဒရေ ကူမင်းနဲ့ ဆက်ရှ်ချာ လေးမန်းတို့ကတော့ ဒုတိယနဲ့ ကျေနပ်ခဲ့ရပါတယ်။ 

ဩဇီအတွဲဟာ တောင်တက်အဆင့် သတ်မှတ်ချက် 6c ကနေ 8b အထိ အမျိုးမျိုးကွဲပြားတဲ့ အပိုင်း ၆ ပိုင်းကို ၄၈ မိနစ်၊ ၄၆ စက္ကန့်နဲ့ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယရတဲ့ ဆွစ်ဇာလန်အတွဲထက် အပြတ်အသတ် သာလွန်ခဲ့ပါတယ်။

ဒုတိယရတဲ့ ဆွစ်ဇာလန်အဖွဲ့ဟာ အပေါ်ရောက်ဖို့  ၅၆ မိနစ် ၄၃ စက္ကန့် ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

Red Bull Dual Ascent ပြိုင်ပွဲဟာ ကမ္ဘာမှာ ရုပ်ပိုင်းဆိုင်ရာအရသာမက စိတ်ပိုင်းဆိုင်ရာအရပါ အခက်ခဲဆုံး တောင်တက်ပြိုင်ပွဲတခုဖြစ်ပြီး မတ်စောက်တဲ့ဆည်နံရံကို ဖက်တက်ရတာဟာ သာမန်တောင်တက်တာထက်ကို ချောက်ချားစရာကောင်းပါတယ်။

Source: Reuters

dvb
ဩစတြေးလျ
တွယ်တက်ပြိုင်ပွဲ
2024 Red Bull Dual Ascent

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013