Home
အားကစား
ခါးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူပြီးနောက် ရာဖေးလ်နာဒဲလ် တင်းနစ် ပြန်ကစားမည် 
DVB
·
December 6, 2023

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမားဟောင်း ရာဖေးလ်နာဒဲလ်ဟာ ခါးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးတဲ့နောက် တင်းနစ် ပြန်ကစားဖို့ အဆင်သင့်ဖြစ်နေလို့ ခံစားရကြောင်း ပြောကြားလိုက်ပါတယ်။

ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ပြန်လည်ကစားရာမှာ အထနှေးနေရင်လည်း သူ့ကိုယ်သူ ခွင့်လွှတ်နိုင်ဖို့ မျှော်လင့်တယ်လို့ နာဒဲလ်က သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

ဒီဇင်ဘာ ၄ ရက်က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ဗွီဒီယိုအတိုလေးတစ်ခုကို ပို့စ်တင်ခဲ့ပြီး တနှစ်နီးပါးအကြာမှာ တန်းနစ် ပြန်ကစားဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ သူရဲ့ စိုးရိမ်ပူပန်မှုတွေကို ရှင်းပြခဲ့ပါတယ်။

ဂရမ်းစလန်း ၂၂ ကြိမ်ဆုရ တန်းနစ်ကစားသမားဟာ ဒီနှစ် ဩစတြေးလျအိုးပင် ဒုတိယအကျော့ပွဲစဉ်မှာကတည်းကစပြီး တင်ပါးဆုံရိုး ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရပြီး ပြန်လည် မကစားနိုင်သေးတာလည်း ဖြစ်ပါတယ်။

နာဒဲလ်ဟာ သီတင်း ၈ ပတ်သာ လွဲချော်မယ်လို့ အစက မျှော်လင့်ခဲ့ပေမဲ့ ဇွန်လမှာ တင်ပါးကြွက်သားခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ်။

ဗီဒီယိုထဲမှာတော့ ဝါရင့်တင်းနစ်ကစားသမားဟာ သူ့ရဲ့ ကစားသမားသက်တမ်းတလျှောက် မြင့်မားတဲ့ စံနှုန်းတွေကိုရအောင် ကြိုးစားခဲ့ပေမဲ့ အခု ပြန်ကစားတဲ့အချိန်မှာ ဒီလိုအခြေအနေမျိုး ကိုယ့်ကိုကိုယ် မတောင်းဆိုဘဲ ကစားနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ပြောကြားထားပါတယ်။ 

Photo - Reuters

dvb
တင်းနစ်
အားကစားသတင်း
SportsNews
ရာဖေးလ်နာဒဲလ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013