Home
အားကစား
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ် လေ့ကျင့်ခန်း ပြန်ဆင်း
DVB
·
November 24, 2023

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ မနေ့ညက လေ့ကျင့်ခန်းပြင်ဆင်ခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာပါဝင်ကစားနိုင်ဖို့ရှိပါတယ်။ 

နော်ဝေအသင်းခေါင်းဆောင်လည်း ဖြစ်သူ အိုဒီဂတ်ဟာ ဒဏ်ရာ အခြေအနေကြောင့်အသင်းရဲ့ နောက်ဆုံး ၃ပွဲ ဆက်တိုက်လွဲချော်ခဲ့သလို နော်ဝေအသင်းရဲ့ပွဲစဉ် တွေကိုလည်း လွဲချော်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းမှာ လေ့ကျင့်ခန်းပြန် ဆင်းနေပြီဖြစ်တာကြောင့် စနေညမှာ ကစားမယ့် ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖို့ရှိပါတယ်။ 

အသင်းရဲ့ပွဲစဉ် ၅ ပွဲအထိ လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီယယ်ဂျေဇုဟာလည်း ဘရာဇီးအသင်းမှာ ပွဲထွက်ကစားခဲ့တာကြောင့် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ပြန်လည်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

Photo - Reuters

dvb
အာဆင်နယ်
လေ့ကျင့်ခန်း
အိုဒီဂတ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013