Home
အားကစား
အာဆင်နယ်က အိုဒီဂတ်၏ ဒဏ်ရာအခြေအနေကို လျှို့ဝှက်ထားခဲ့ဟု နော်ဝေနည်းပြပြော
DVB
·
November 16, 2023

အာဆင်နယ်အသင်းဟာ အိုဒီဂတ်ရဲ့ ဒဏ်ရာအခြေအနေကို လျှို့ဝှက်ထားခဲ့ကြောင်း နော်ဝေ လက် ရွေးစင်နည်းပြ ဆော့ဘက်ကင်က ပြောသွားပါတယ်။

အိုဒီဂတ်ဟာ အာဆင်နယ်ရဲ့နောက်ဆုံးသုံးပွဲ ဆက်တိုက်လွဲချော်ခဲ့ပြီး ဒဏ်ရာအခြေအနေ အသေးစိတ်ကို အသင်းဘက်က ထုတ်ပြန်ကြေညာခြင်း မရှိဘဲ လျှို့ဝှက်ထားခဲ့တာပါ။

အိုဒီဂတ်ရဲ့ ဒဏ်ရာအခြေအနေအမှန်ကို သေချာမသိရှိတာကြောင့် အသင်းလူစာရင်းမှာ ရွေးချယ်ခဲ့တာဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ်ပွဲဆက်တိုက် လွဲချော်ခဲ့တဲ့နောက်မှာတော့ လူစာရင်းကနေ ပြန်လည်ဖယ်ရှားခဲ့ကြောင်း နော်ဝေနည်းပြက ပြောပါတယ်။

နော်ဝေအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေအဖြစ် ဖာရိုးကျွန်းစု၊ စကော့တလန်အသင်းတွေနဲ့ ကစားသွားရမှာပါ။

အိုဒီဂတ်ဟာ တင်ပါးဒဏ်ရာရရှိနေတာဖြစ်ပြီး နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ အာဆင်နယ်အတွက်ပြန် ကစားပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ 

Photo - Reuters

dvb
အာဆင်နယ်
အိုဒီဂတ်
အားကစားသတင်း
SportsNews
ဆော့ဘက်ကင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013