Home
အားကစား
ပေကျင်းအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် အီဂါဆွီယာတက်ခ် ဗိုလ်စွဲ
DVB
·
October 9, 2023

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ပေကျင်းအိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို အောက်တိုဘာ ၈ ရက်က ကျင်းပရာ ပိုလန်နိုင်ငံသူ အီဂါဆွီယာတက်ခ်က ရုရှားနိုင်ငံသူ လျူမီလာ ဆမ်ဆိုနိုဗာကို ၆-၂၊ ၆-၂ ရလဒ်နဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။

ဒီနှစ်အတွင်း ကမ္ဘာ့အဆင့် ၂ နေရာက ဆွီယာတက်ခ် အနေနဲ့  ၅ ခုမြောက် WTA ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ကမ္ဘာ့ ၁ နေရာက အာရီနာ ဆာဘယ်လန်ကာနဲ့ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာဖို့ ရှိနေပါတယ်။

၆၉ မိနစ်သာ ကြာမြင့်ခဲ့တဲ့ ဒီဖိုင်နယ်ပွဲစဉ်မှာ ဆွီယာတက်ခ်က ၂ ပွဲဆက် အနိုင်ရရှိခဲ့ပြီးနောက် မျက်ရည်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။

အမျိုးသမီး ကမ္ဘာ့အဆင့် ရပ်တည်မှုမှာတော့ ထိပ်ဆုံးနေရာက ဆာဘယ်လန်ကာနဲ့ ဂရန်းဆလမ်း ၄ ဆုရှင် ဆွီယာတက်ခ် အကြား ရမှတ်ပေါင်း ၄၆၅ မှတ်အထိ ကွာဟနေတာပါ။

ဒါကြောင့် လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့အတွင်း မက္ကဆီကိုနိုင်ငံ ကန်ကွန်မြို့မှာ ကျင်းပမယ့် WTA Finals ပြိုင်ပွဲက ဒီနှစ်ရဲ့ ကမ္ဘာ့အဆင့် ၁ နေရာကို သိမ်းပိုက်နိုင်ဖို့ ဆွီယာတက်ခ်အတွက် ကြီးမားတဲ့အခွင့်အရေး ဖြစ်တယ်လို့ ဆိုပါတယ်။

ပေကျင်းအိုးပင်းမှာ ဆမ်ဆိုနိုဗာက အမှားများခဲ့တာကြောင့် ဆွီယာတက်ခ်ရဲ့ ပွဲဦးထွက် ယှဉ်ပြိုင်မှုမှာတင် ၁၆ ခုမြောက်ဆုဖလားကို အခက်အခဲမရှိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပြင်သစ်အိုးပင်း ချန်ပီယံလည်းဖြစ်တဲ့ ဆွီယာတက်ခ်က ဆရီနာ ဝီလျံ နောက်ပိုင်း ဆုဖလား ၅ ခု ဒါမှမဟုတ် ၅ ခုနဲ့အထက်ကို တင်းနစ်ရာသီအလိုက် ဆက်တိုက်ရယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံသူ ဝီလျံကတော့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ဒီအောင်မြင်မှုအတိုင်း စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

dvb
sports
အားကစား
တရုတ်
ပိုလန်တင်းနစ်မယ်
Tennis
တင်းနစ်
News
ပေကျင်းအိုးပင်း
IgaSwiatek

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013