Home
အားကစား
ဂိုးသမား အိုနာနာကို ပေါင် ၄၃ သန်းကျော်ဖြင့် ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ
DVB
·
July 11, 2023

မန်ယူအသင်းဟာ အင်တာမီလန်ဂိုးသမား အိုနာနာကို ပေါင် ၄၃ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ကင်မရွန်းဂိုးသမား အိုနာနာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားသလို အင်တာမီလန်အသင်းနဲ့လည်း ပေါင် ၄၃ သန်း အပါအဝင် ထပ်ဆောင်းပေးချေရမယ့် ငွေကြေးတချို့နဲ့ ကမ်းလှမ်းခဲ့တာပါ။

နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမဲ့ သဘောတူညီမှုရရှိထားပြီး မန်ယူအသင်းဆီ ရောက်ရှိဖို့ သေချာသလောက်ဖြစ်နေပြီ ဖြစ်ကြောင်း အိုနာနာနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။

မန်ယူအသင်းဟာ ဂိုးသမားဒီဂီယာကို ထွက်ခွာခွင့်ပြုလိုက်ပြီးနောက် ကင်မရွန်းဂိုးသမား အိုနာနာကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းခဲ့တာပါ။

နည်းပြတန်ဟတ်ဂ်နဲ့ ဂိုးသမား အိုနာနာတို့ဟာ ဟော်လန်ကလပ် အိုင်းယက်စ်အသင်းမှာတုန်းကလည်း အတူလက်တွဲခဲ့ဖူးသူတွေ ဖြစ်ပါတယ်။

dvb
football
sports
မန်ယူ
အင်တာမီလန်
ဂိုးသမား
ဘောလုံး
အိုနာနာ
အားကစားသတင်း
News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013