Home
မြန်မာသတင်း
၂၀၁၄ နှစ်သစ်ဆုတောင်း
DVB
·
January 1, 2014
ဗန်းမော် ဆရာတော်ကြီး (နိုင်ငံတော်သံဃာ့မဟာ နာယက အဖွဲ့) BaMarSayarDaw“ကံကောင်းထောက်မလို့ ဗုဒ္ဓ ဘာသာလည်း ဖြစ်လာတယ်။ အဲဒီတော့ ဒီဘဝဘဝကနေပြီးတော့ အထက်အထက် တက်ပြီး နိဗ္ဗာန်ရောက်အောင် ကြိုးစာပြီးတော့ ဆောင်ရွက်ကြမယ်။ အဲ့ဒီလို ကြိုးစားခြင်းအားဖြင့် ကမ္ဘာသူ ကမ္ဘာသားများ ကျန်းမာချမ်းသာမယ်လို့ ဘုန်းဘုန်းယုံကြည်ပါတယ်။”       ဆရာတော်ကြီး ချားလ်စ်ဘို( ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်) CharsBo“ဒီနှစ်သစ်မှာ တကမ္ဘာလုံးမှာရှိတဲ့ ပုဂ္ဂိုလ်များအားလုံး ငြိမ်းချမ်းရေးတည်မြဲနိုင်ဖို့အတွက် လူတိုင်းဟာ တဖက်သားဟာ ကိုယ်နဲ့ ဆန့်ကျင်တဲ့သူ၊ ကိုယ်နဲ့တိုက်ခိုက်တဲ့သူရယ်လို့ မယူဆဘဲနဲ့ မိသားစု၊ ကိုယ်ရဲ့ ညီကိုမောင်နှမများ ဖြစ်ကြတယ်ဆိုတဲ့ စိတ်ဓာတ်လေး ရှိမယ်ဆိုရင် ကျနော်တို့အားလုံး၊ ကမ္ဘာကြီးဟာ မိသားစုကြီးတခုဖြစ်ပြီး အေးချမ်းသာယာမှုနဲ့ ငြိမ်းချမ်းမှုများ ရရှိပါလိမ့်မယ်။ “မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးဟာ တူညီသော အခွင့်အရေးရှိကြတဲ့ အတွက် ဘယ်လူမျိုးမဆို၊ ဘယ်ဘာသာမဆို တူညီစွာနဲ့ အခွင့်ရနိုင်မှသာလျှင် မြန်မာပြည်ကြီးဟာ ငြိမ်းချမ်းသာယာလိမ့်မယ်။ အဲဒီ့တော့မှ တိုးတက်မှုရှိပါလိမ့်မယ်။ ကျနော် အနေနဲ့ မြန်မာပြည်သူပြည်သားတွေကို happy new years လို့ နှုတ်ဆက်ရင်းနဲ့ ငြိမ်းချမ်းသာယာ တိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်ပါစေ။ ဦးတည်တဲ့နေရာကို ရောက်အောင် သွားနိုင်ပါစေလို့ ပြောကြားချင်ပါတယ်။” ဒေါက်တာ မြင့်သိန်း (သဘာပတိ – မြန်မာ မွတ်စလင်ကွန်ရက်) DrMyintTheinမြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ ခင်ဗျ။ အခုဆိုရင် ဒီမိုကရေစီ နိုင်ငံတော်ရယ်လို့ ပန်းတိုင်ကို အသွင်ကူးပြောင်းနေတဲ့ ကာလမှာ မသမာသူများရဲ့ နှောင့်ယှက်မှုကြောင့် ကျနော်တို့ ဘာသာတရားများကြားမှာ အထင်အမြင်လွဲမှားမှုများ၊ သံသယများ ပေါ်ပေါက်ပြီးတော့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့် အတားများ ဖြစ်လျက်ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ ဘာသာတရားများကြားမှာဖြစ်စေ၊ လူမျိုးစု တစုတစုနဲ့အကြားမှာရှိတဲ့ သံသယများကို ပယ်ဖျောက်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်။”     ရှရီ ဦးမောင်မြင့် (မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဘုန်းတော်ကြီးများ အဖွဲ့ချုပ် - ဥက္ကဋ္ဌ) ShaRiMaungMyint“၂၀၁၄ ခုနှစ် နှစ်သစ်ကူး မင်္ဂလာနေ့မှာ ခုနှစ်ရက် သားသမီးများ ငြိမ်းချမ်းစွာ နေထိုင်ကြဖို့အတွက် ဆုတောင်းဂါထာရွတ်ဆိုမှာ ဖြစ်ပါတယ်။ အားလုံးနားထောင်ပြီး အမျှဝေပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။”         ဦးအောင်မင်း (ပြည်ထောင်စုဝန်ကြီး) UAungMin“၂၀၁၄ မှာ တိုက်ပွဲတွေ လုံးဝမဖြစ်အောင်၊ တနိုင်ငံလုံး အတိုင်းအတာအပစ်အခတ် ရပ်စဲရေးရအောင် ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတခု တည်ဆောက်နိုင်အောင် ကျနော်တို့ ကြိုးစားပြီး ဆောင်ရွက်ကြမယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ခဲ့လို့ လက်နက်ကိုင်ခဲ့ရတယ်ဆိုတာ သူတို့ ပြောခဲ့တာပေါ့။ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပေးနိုင်ရင် လက်နက်ကိုင်လမ်းစဉ် လုပ်စရာ မလိုတော့ဘူးပေါ့ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ တခြားနိုင်ငံတွေလိုပဲ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။”\     ဦးခင်ရီ (ပြည်ထောင်စုဝန်ကြီး) UKhinYe“ကျနော် နှစ်သစ်မှာပေးချင်တဲ့ Message ကတော့ ပြည်သူတွေ လိုလားနေတဲ့ ငြိမ်းချမ်းရေး၊ တနိုင်ငံလုံးအတိုင်းအတာအဆင့်ရှိတဲ့ ငြိမ်းချမ်းရေး လျင်မြန်စွာ ဖော်ထုတ်နိုင်ပါစေ။ တိုင်းသူပြည်သားတွေ ငြိမ်းချမ်းရေး အကျိုးကျေးဇူးကို လျင်မြန်စွာ ခံစားနိုင်ပါစေ။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံသူနိုင်ငံသားတွေ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြလို့ မေတ္တာရပ်ခံ ပန်ကြားချင်ပါတယ်။”       ဒေါက်တာအရှင်သောပါက (အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့) AhTaweParKa“၂၀၁၄ နှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသား၊ နိုင်ငံသူ နိုင်ငံသား အပေါင်းတို့ ငြိမ်းချမ်းကြပါစေ၊ ညီညွတ်ကြပါစေ။ ငြိမ်းချမ်းညီညွတ်ခြင်းနဲ့အတူ အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုများဟာ အခြေခံအားဖြင့် အမြင်ချင်းမတူတာတွေ ဖြစ်ကြပါတယ်။ အမြင်ချင်းမတူရင် အတွေးအခေါ် အယူအဆ အလုပ်အကိုင်တွေ မတူနိုင်ပါဘူး။ ဒါကြောင့် မတူတဲ့ အခြေခံအချက်တွေကို ဘေးဖယ်ပြီး တူညီသော အချက်များကို အတူတကွ စုဆောင်းကာ ငြိမ်းချမ်းညီညွှတ်သော လမ်းစဉ်ကို ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။”     ဒေါက်တာ ဦးထွန်းလွင် (မိုးလေဝသပညာရှင်) UTunLwin“၂၀၁၄ နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ သဘာဝဘေး အန္တရာယ်များဖြစ်တဲ့ မုန်တိုင်းဘေး၊ ရေကြီးမှုဘေး အပါအဝင် အခြားသော သဘာဝဘေးမျာအပေါင်းက ကင်းဝေးနိုင်ကြပြီး အထူးသဖြင့် တောင်သူလယ်သမားများအနေနဲ့ ရာသီဥတုဆိုးရွားတဲ့ဘေးမှ လွတ်ကင်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။”       ဦးကျော်သူ (နာရေးကူညီမှုအသင်း- ရန်ကုန်) KyawThu“နှစ်သစ်စကားပြောရမယ်ဆိုရင် လူမှုရေးသမားတွေ၊ လူမှုရေးအသင်းအဖွဲ့တွေကို သမ္မတကြီး ဦးသိန်းစိန်ကလည်း ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့နေရာမှာ အားကိုးတယ်၊ အဓိကကျတယ်လို့ ပြောထားသလို ကျနော်တို့ လူမှုရေးသမားတွေ၊ လူမှုရေးအသင်းအဖွဲ့တွေအတွက် ချုပ်နှောင်မှုတွေ မတင်းကျပ်ဖို့ အရေးကြီးပါတယ်။ လူမှုရေးသမားတွေဆိုတာ ဗြဟ္မစိုရ်တရားကို လက်ကိုင်ကျင့်သုံးရတာဆိုတော့ ဒီလူမှုရေးသမားတွေ လူမှုရေးအသင်းအဖွဲ့တွေကို ချုပ်နှောင်မှုဥပဒေတွေ တင်းကျပ်လာတယ်ဆိုရင် ကျနော်တို့ ပုဂံမြို့မှာရှိတဲ့ မနူဟာ ဘုရားကြီးလို ဖြစ်သွားလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ ဒါကြောင့်မို့ လူမှုရေးသမားတွေ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုနေတဲ့သူတွေကို ချုပ်နှောင်မှုတွေကနေ လွတ်ကင်းကြပါစေလို့ ကျနော်ဆုတောင်းရတာပေါ့။”   မိုးယုစံ (ရုပ်ရှင်သရုပ်ဆောင်) MoeYuSanပရိသတ်ကြီးအားလုံး ၂၀၁၄ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အကုန်လုံး လိုအင်ဆန္ဒတွေလည်း တလုံးတ၀ ပြည့်ဝကြပါစေလို့ မိုးယုက ဆုတောင်းလိုက်ပါတယ်။         မတူး (ရုပ်ရှင်သရုပ်ဆောင်) MaToo“လာမယ့် ၂၀၁၄ မှာ ပြည်သူပြည်သားအားလုံး ရွှင်လန်းချမ်းမြေ့ကြပြီး စီးပွားလာဘ်လာဘတွေ တိုးတက်ကာ အလှူကြီးအတန်းကြီးတွေ ပေးလှူနိုင်ကြပါစေရှင်။”         ဦးမျိုးခင် (ပန်းချီပညာရှင်) UMyoKhin(HtamYateNyo)“၂၀၁၄ နှစ်သစ်မှာ ပွင့်လင်းရိုးသားကြဖို့ပေါ့။ ရိုးသားနိုင်ကြပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။”           ဒေါ်သန်းမြင့်အောင် (အောင် ဖောင်ဒေးရှင်း) DawThanMyintAungနှစ်သစ်မှာ နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားအားလုံး၊ ကမ္ဘာသူ၊ ကမ္ဘာသားပါ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည်စုံပြီး ကောင်းကျိုးလိုရာဆန္ဒတွေ ပြည့်ဝကြပြီး မင်္ဂလာ နှစ်သစ်ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။”

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013