Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် ၇၄ နှစ်ပြည့် အာဇာနည်နေ့အထိမ်းမှတ် ချီတက်အလေးပြု (ဓာတ်ပုံ)
DVB
·
July 19, 2021

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက ၇၄ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်အလေးပြုခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စုပြုတ်ကျရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကျဆုံးခဲ့ရတဲ့ ၇၄ နှစ်ပြည့် အာဇာနည်နေ့အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနဲ့ အနောက်မြောက်ပိုင်းဇုန်က ပြည်သူတွေပူးပေါင်းကာ အလံတစ်ဝက်လွှင့်ထူပြီးတော့ ချီတက်အလေးပြုခဲ့သလို နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း အလေးပြုခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တစ်ယောက်က ပြောပါတယ်။

အာဇာနည်မျိုး သေရိုးမရှိ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ကိုဗစ်ကိုလည်း ကာကွယ်မယ် စစ်အာဏာရှင်ကိုလည်း တော်လှန်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ စစ်အာဏာရှင် ပြုတ်ကျရေး ကြွေးကြော်သံတွေနဲ့အတူ ချီတက်ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ မတ်လ ၁၁ ရက်နေ့က စစ်အုပ်စုက သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ အပြစ်မဲ့ပြည်သူ ၆ ယောက်ကျဆုံးခဲ့ပါတယ်။

မြိုင်မြို့နယ်
အာဇာနည်နေ့အထိမ်းမှတ်
ချီတက်အလေးပြု

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013