Home
မြန်မာသတင်း
တတိယအကြိမ် အမျိုးသားလွှတ်တော် ကျင်းပမည့်ရက် ရွေ့ဆိုင်း
DVB
·
January 30, 2021

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပမယ့် ရက်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်  ၁၀ နာရီအစား ဖေဖော်ဝါရီ ၂ ရက်  မနက် ၁၀ နာရီမှာ ပြောင်းလဲ ကျင်းပမယ်လို့ အစိုးရပိုင်  မြန်မာအသံနဲ့ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။

ဘာကြောင့် အခုလို ရက်ရွေ့ဆိုင်းလိုက်ရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။  မနက်ဖြန် ဇန်နဝါရီ ၃၀ ရက်မှာတော့  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးဖို့ အစီအစဉ်ရှိပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲကနေ အနိုင်ရတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ကျင်းပမဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးနဲ့  အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွေကို ဇန်နဝါရီ ၁ ရက်နေ့မှာ ပြိုင်တူကျင်းပဖို့ မူလက စီစဉ်ထားတာ ဖြစ်ပါတယ်။ 

အမျိုးသားလွှတ်တော်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013