Home
ရုပ်သံ
ဖြိုးပြည့်စုံ၊ ဖြူဖြူကျော်သိန်းတို့ သီဆိုထားသည့် COVID-19 တိုက်ဖျက်ရေးသီချင်း (ရုပ်သံ)
DVB
·
April 8, 2020
       “Working Together… Helping Each Other… Supporting Hands Are Stronger… Working Together… Helping Each Other… Supporting Hands Are Stronger… Fighting COVID-19… Greater”        ဒါကတော့ လတ်တလော အသစ်ထွက်ရှိထားတဲ့ COVID-19 ဗိုင်းရပ်စ်တိုက်ဖျက် ရေးလှုံ့ဆော် တေးသီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။        “Better Collaboration...Brighter Future”-“ပိုမိုကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်မှုများနဲ့ ... တောက်ပတဲ့ အနာဂတ်ဆီသို့” လို့ အမည်ရတဲ့ ဒီသီချင်းကိုတော့ ထူးထူးခြားခြား အင်္ဂလိပ်လို ရေစပ်ထားခဲ့တာဖြစ်ပြီး ဆရာဝန်အဆိုတော် ၂ ယောက်ဖြစ် ကြတဲ့ တေးသံရှင် ဖြိုးပြည့်စုံနဲ့ ဖြူဖြူကျော်သိန်းတို့က သီဆိုပေးထားကြတာ ဖြစ်ပါ တယ်။        “We’re facing dreadful infection… Contagious and life threatening… killing people… Over the world… Creating the unsecure land… Medicine is a unique profession… Saving life of human beings… Self-sacrificing with Nobel mind… Challenging the scary signs”        ဒီသီချင်းကိုတော့ ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက် တာဝင်းမင်းသစ် က ရေးဖွဲ့ထားပြီး တေးရေးဆရာ စောခူဆဲက Music Producer အနေနဲ့ ဖန်တီးတာဝန်ယူပေးထားတာ ဖြစ်ပါတယ်။        ကမ္ဘာတလွှား ကပ်ရောဂါအသွင်ဆောင်လာခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့ ပွားမှုကြောင့် တခြားနိုင်ငံတွေမှာရော မြန်မာနိုင်ငံမှာပါ နိုင်ငံအနှံ့ ဆောင်ရန်ရှောင်ရန်တွေ နဲ့အတူ သတိပေးချက်တွေ ထုတ်ပြန်နေကြရတာ ဖြစ်ပါတယ်။        သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတွေကလည်း ကျရာတာဝန်ကို ထမ်းဆောင် နေသလို ပြည်သူတွေကလည်း ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေထိုင်ကြဖို့ အရေး ကြီးပါတယ်။        ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဧပြီလ ၆ ရက် နေ့အထိ မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ယောက် ရှိခဲ့ပြီဖြစ်ကာ တဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ “Working Together… Helping Each Other… Supporting Hands Are Stronger… Working Together… Helping Each Other… Supporting Hands Are Stronger… Fighting COVID-19… Greater”        လတ်တလောမှာတော့ Legacy Music ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ် မှတဆင့် မျှဝေထားခဲ့တဲ့ ဒီသီချင်းဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
ဖြိုးပြည့်စုံ
ဖြူဖြူကျော်သိန်း
COVID-19 တိုက်ဖျက်ရေးသီချင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013