Home
မြန်မာသတင်း
ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်နံ့သာသွေးပွဲ ရန်ကုန်တွင်ကျင်းပ
ဆုဆုသွယ်
·
April 13, 2019
(၁၆) ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်နံ့သာသွေးပွဲကို ဒီကနေ့ ဧပြီ ၁၂ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ ကျင်းပပါတယ်။ နံ့သာသွေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး  ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်)နဲ့ မြို့နယ်အသင်းအဖွဲ့တွေ စုပေါင်း ကျင်းပတာပါ။ အခုနှစ်မှာ ကျင်းပတဲ့ နံ့သာသွေးပွဲမှာတော့ အရင်နှစ်တွေကလို အမျိုးသမီးငယ်တွေက မြို့နယ်အသင်းအဖွဲ့အလိုက် တူညီဝတ်စုံတွေဝတ်ဆင်ကာ ပြိုင်ပွဲဝင်ကြတဲ့ပုံစံမဟုတ်ပဲ အမျိုးသား၊ အမျိုးသမီးအားလုံးပါဝင်ပြီး ဘုရားရေသပ္ပါယ်ဖို့ နံ့သာရည်တွေသွေးပြီး ကုသိုလ်ယူခဲ့ကြတာပါ။ နံ့သာသွေးပွဲမှာ ရခိုင်တိုင်းရင်းသားတွေအပါအ၀င် ရခိုင်မျိုးနွယ်စုတွေဖြစ်တဲ့ သက်လူမျိုး၊ ခမီးလူမျိုးတွေက ပါဝင်ဆင်နွှဲခဲ့သလို၊ မွန်တိုင်းရင်းသားတွေကလည်း ပါဝင်ခဲ့ကြပါတယ်။ အခုလိုနံ့သာသွေးပြီးရရှိလာတဲ့ နံ့သာရည်တွေကို ဧပြီ ၁၃ရက် မနက်သင်္ကြန်အကြိုနေ့မှာ ဘုရားဆင်းတုတော်တွေကို ရေသပ္ပါယ်သွားမှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ရခိုင်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေအရ ၇န်ကုန်မှာ ရခိုင်သင်္ကြန်ရေကစားပွဲတော်ကျင်းပမယ့် အစီအစဉ်ကို ဖျက်သိမ်းထားပါတယ်။ ရန်ကုန်မြို့မှာ ၂၀၀၄ ခုနှစ်ကနေစပြီး ရခိုင်ရိုးရာအတာ သင်္ကြန်နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲနဲ့ နံ့သာသွေးပွဲတွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာတာဖြစ်ပါတယ်။
သင်္ကြန်
ရခိုင်ရိုးရာယဉ်ကျေးမှု

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013