Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင် သင်္ကြန်ကာလ ရဲလုံခြုံရေး ၁၂၀ ကျော်သုံးမည်
DVB
·
April 6, 2019
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှာ သင်္ကြန်ကာလ လုံခြုံရေး ရဲတပ်ဖွဲ့အင်အား ၁၂၀ ကျော်အသုံးပြုမှာဖြစ်ပြီး စည်းကမ်းမဲ့ယာဉ်တွေကိုလည်း ဖမ်းဆီးအရေးယူမယ်လို့ ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ လက်ရှိမှာ မြို့နယ်အတွင်း ပါဝါအိပ်ဇောတပ်ဆိုင်ကယ်တွေနဲ့ စည်းကမ်းမဲ့ယာဉ်တွေကို ဖမ်းဆီးအရေးယူနေပြီး သင်္ကြန်ကာလမှာလည်း ဆက်လက်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ "အရင်ကလည်း စည်းပျက်ယာဉ်တွေကို ဖမ်းခဲ့တာရှိတယ်။ သင်္ကြန်ကာလမှာလည်း ဆက်ပြီး ဖမ်းဆီးအရေးယူမယ်။ နေ့ချင်းဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်ပေမယ့် အခက်အခဲမရှိပါဘူး။ တရားရုံးမှာကလည်း တရာသူကြီးတဦးက ရုံးထိုင်မှာဆိုတော့ နေ့ချင်းပြီးဆောင်ရွက်သွားမှာပါ။ ချုပ်ရမာန်အတွက်လည်း  အဆင်ပြေမှာပါ" လို့ မြို့နယ်ရဲတပ်ဖွဲမှူးရုံးမှ တာဝန်ရှိသူကပြောပါတယ်။ ဖြူးမြို့နယ်တရားရုံးအနေနဲ့ အခုလက်ရှိ အချိန်အထိ သင်္ကြန်ကာလအတွင်း အထူးတရားရုံး ဖွင့်လှစ်ဆောင်ရွက်ဖို့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က ညွှန်ကြားထားတာမရှိသေးကြောင်း၊ ပြီးခဲ့တဲ့နှစ်တွေ ကလည်း အထူးတရားရုံး ဖွင့်လှစ်ဆောင်ရွက်ခဲ့တာ မရှိကြောင်း၊ ဒါပေမယ့် သင်္ကြန်ကာလအတွင်း ချုပ်ရမန်တင်ပြတောင်းခံမှုတွေ ရှိပါက နေ့အလိုက် တာဝန်ကျတရားသူကြီးနဲ့ ဝန်ထမ်းတွေက ဆောင်ရွက်ပေးသွားမယ်လို့ မြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိက ပြောပါတယ်။ ဖြူးမြို့နယ်အတွင်းရှိ သင်္ကြန်ဖျော်ဖြေမဏ္ဍပ် ၄ ခုလောက် ထားရှိမှာဖြစ်ပြီး အဆိုပါမဏ္ဍပ်တွေလည်း လုံခြုံရေးအရ စီမံတာတွေ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း ကျော်အောင်(ကညွတ်ကွင်း)
သင်္ကြန်
ဖြူးမြို့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013