Home
မြန်မာသတင်း
မော်လမြိုင်သင်္ကြန် ဆိုင်ကယ်အိတ်ဇောဖြုတ်မောင်းနှင်သူများကို အရေးယူမည်
DVB
·
March 30, 2019
သင်္ကြန်ကာလအတွင်း ဆိုင်ကယ်အိတ်ဇောဖြုတ် မောင်းနှင်တာနဲ့ အလံကိုင်ဆောင် လည်ပတ်တာတွေကို အရေးယူသွားမယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးက ပြောပါတယ်။ မွန်ပြည်နယ် မော်လမြိုင် သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို မတ် ၂၉ ရက်က မွန်ပြည်နယ် အစိုးရရုံရဲ့ အောင်ဆန်း ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက သင်္ကြန်ကာလအတွင်း ဆိုင်ကယ်အိတ်ဇောဖြုတ် မောင်နှင်းတာတွေ၊ အုပ်စုဖွဲ့ပြီး အလံတို့၊ တုတ်တို့ ကိုင်ဆောင် လည်ပတ်တာတွေကို အပြင်အထန် အရေးယူသွားမယ်လို့ ပြောပါတယ်။ အရေးယူတဲ့ နေရာမှာလည်း ရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ ညွှန်ကြားခဲ့တာပါ။ ဒီနှစ်မှာ ကျရောက်တဲ့ မော်လမြိုင် သင်္ကြန်မှာတော့ လမ်းလျှောက်သင်္ကြန် ထည့်သွင်း ကျင်းပခြင်း မရှိပေမယ့် အစည်းကားဆုံး ဖြစ်အောင် နာမည်ကြီး အဆိုတော်ကိုလည်း ငှာရမ်းထားတယ်လို့ မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောပါတယ်။ ဒါအပြင် မော်လမြိုင် သင်္ကြန်မှာ သင်္ကြန်လည်ပတ်သူတွေ နားခိုလို့ရအောင် သံလွင်ဥယျာဉ်မှာ အပန်းဖြေနေရာတခု ဖန်တီးသွားမယ့်အပြင် သုံးရက်တိတိ စတုဒီသာတွေနဲ့ ဧည်ခံသွားမယ်လို့ မွန်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်က ပြောပါတယ်။ မော်လမြိုင် သင်္ကြန်မှာ ရေးကစား မဏ္ဍုပ်နဲ့ ဖျော်ဖြေရေး မဏ္ဍုပ် တည်ဆောက်လို သူတွေအနေနဲ့ ဧပြီ ၇ ရက်နေ့ နောက်ဆုံးထားပြီး မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ လျှောက်ထားရမှာပါ။ ဒီနှစ် သင်္ကြန်မှာတော့ မွန်ပြည်နယ် အစိုးရအဖွဲ့က ရန်ပုံငွေ ကျပ်သိန်း ၂၀၀၀ ကျော် အသုံးပြုဖို့ လျာထားပါတယ်။
မော်လမြိုင်
သင်္ကြန်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013