Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန်အကြတ်နေ့ တုတ်ဓားလက်နက် ၁၀၀ ကျော် သိမ်းဆည်းမိ
DVB
·
April 16, 2018
ရန်ကုန်မြို့မှာ သင်္ကြန်အကြတ် တရက်တည်း ရေကစားသူတွေဆီကနေ တုတ်၊ ဓားလက်နက်၊ ၀က်အူလှည့် ၁၀၀ ကျော် ရှာဖွေသိမ်းဆည်းရမိတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရေကစားမဏ္ဍပ်များမှာ ရေကစားသူတွေ၊ ရေပက်ခံမော်တော်ယာဉ်တွေပေါ်မှာ သိုဝှက်သယ်ဆောင်လာကြတဲ့ အရက်ပုလင်း ၈၀၀ ကျော်၊ မျက်နှာဖုံး ၄၂၀ ကျော်တို့ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းခဲ့ပါတယ်။ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ မဏ္ဍပ်တွေမှာ ရေကစားသူတွေဆီကနေ အရက်ပုလင်းမျိုးစုံ ၁၆၀၊ မျက်နှာဖုံးစွပ် ၅၆ခု၊ စပရေးဘူး ၃၉ ဘူးနဲ့ တုတ်ဓားလက်နက်၉ ချောင်း။ အနောက်ပိုင်အတွင်းရှိ မဏ္ဍပ်တွေမှာ ရေကစား သူတွေဆီကနေ မျက်နှာဖုံးစွပ် ၁၂၆ ခု၊ စပရေးဘူး ၅၇၇ ဘူး၊ အရက်ပုလင်းမျိုးစုံ ၅၆၅ ပုလင်း၊ တုတ်ဓားလက်နက် ၁၅ ချောင်း။့  တောင်ပိုင်းခရိုင်အတွင်းရှိ မဏ္ဍပ်တွေမှာ ရေကစားသူများဆီကနေ အရက်ပုလင်းမျိုးစုံ ၆၅ ပုလင်း၊ မျက်နှာဖုံးစွပ် ၇၆ ခု၊ စပရေးဘူး ၂ဘူးနဲ့ တုတ်ဓားလက်နက် ၂၁ ချောင်း။ မြောက်ပိုင်းခရိုင်အတွင်းရှိ မဏ္ဍပ်များမှာ ရေကစားသူများဆီကနေ  မျက်နှာဖုံးစွပ် ၁၆၅ ခု၊ စပရေးဘူး ၄ ဘူး၊ တုတ်ဓားလက်နက် ၁၈ ခုနဲ့  ၀က်အူလှည့် ၅၀ချောင်းတို့ အသီးသီး သိမ်းဆည်းရမိခဲ့ပြီး ပွဲတော်ကာလအတွင်း ဆက်လက်ရှာဖွေသိမ်းဆည်းသွားမယ်လို့ တိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။  
သင်္ကြန်
တုတ်ဓားလက်နက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013