Home
သတင်းဓာတ်ပုံ
နှစ် ၇၀ ပြည် အာဇာနည်နေ့ အခမ်းအနား မြိတ်၊ ထားဝယ်၊ ကော့သောင်းမြို့များတွင် ကျင်းပ
DVB
·
July 19, 2017
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်၊ ထားဝယ်၊ ကော့သောင်းမြို့တွေမှာ နှစ် ၇၀ မြောက် အာဇာနည်နေ့အခမ်းအနားကို ဒီနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ မြိတ်မြို့မှာ ၂ နေရာခွဲ ကျင်းပခဲ့ပြီး ဆိပ်ငယ်ရပ်၊ အာဇာနည်ပန်းခြံအတွင်းရှိ အာဇာနည် ကျောက်တိုင်နေရာနဲ့ မြစ်ငယ်ရပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တို့ အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြိတ်မြို့ အာဇာနည်ကျောက်တိုင်နေရာမှာ မြန်မာ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရာမှာ ပါဝင်ခဲ့တဲ့ BIA ရဲဘော်ဟောင်းကြီးတွေ၊ ဌာနဆိုင်ရာတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပရဟိတအသင်းတွေ၊ ပါတီအသီးသီးက ပါတီဝင်တွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ဒေသခံအများအပြား တက်ရောက်ဂါရဝပြုခဲ့ကြပြီး ဗိုလ်ချုပ်ကြေးရုပ်သို့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအသင်းအဖွဲ့တွေ၊ ဒေသခံတွေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ နှစ် ၇၀ မြောက် အာဇာနည်နေ့ အခမ်းအနားသို့ အန်အယ်လ်ဒီဗဟိုက ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ဌာနဆိုင်ရာတွေနဲ့ အဖွဲ့အစည်းအသီးသီးက လမ်းလျှောက် ချီတက်ခဲ့ကြကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်ပြီး ဥသြဆွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ထားဝယ်မြို့မှာလည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ထားဝယ်) နဲ့ ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းကျင်းပတဲ့ နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားကို ထားဝယ်မြို့  ပုထိုးဘုန်းကြီးကျောင်း ပညာဒါန စာသင်တိုက်မှာ ပြုလုပ်ခဲ့ကြပြီး ၁၀ တန်း လာရောက်အခမဲ့ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသား တွေအတွက် သင်အထောက်အကူပြု စာအုပ်တွေ၊ စာရေးကရိယာတွေ၊ ဆန်အိတ်နဲ့ဆီ စုစုပေါင်း ၁၀ သိန်းကျော် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ ကော့သောင်းမြို့မှာတော့ နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားကို မြို့ခံပြည်သူတွေက ဗိုလ်ချုပ်လမ်းရှိ ဗိုလ်ချုပ်မြင်းစီးရုပ်တုရှေ့မှာ ၁၀ နာရီ ၃၇ မိနစ်က ဥသြဆွဲ အလေးပြုခဲ့ကြပါတယ်။ သတင်း၊ ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)၊ ထွန်းကျော်မောင် (ထားဝယ်)၊ Pa loat (ကော့သောင်း)
နှစ် ၇၀ ပြည် အာဇာနည်နေ့ အခမ်းအနား မြိတ်၊
ထားဝယ်၊ ကော့သောင်းမြို့များတွင် ကျင်းပ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013